Thursday, April 30, 2015

WhatsApp တွင် iOS share extension နှင့်သုံးနိုင်မည့် voice call ပါဝင်လာ


WhatsApp သည် iOS သုံး စွဲသူများ အနေဖြင့် မိသားစုနှင့် သူငယ်ချင်းများသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ရန် update သစ်တစ်ခုကို ဖြန့်ချိပေးခဲ့သည်။

အဆိုပါ update တွင် iOS 8 share extension နှင့် feature သစ်များအပြင် သုံးစွဲရလွယ်ကူအောင် ပြုလုပ်ထားသည်။ WhatsApp သည် လွန်ခဲ့သည့် တစ်လခန့်က Skype, Viber နှင့် အခြား VoIP ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန်အတွက် voice call feature ကို Android  တွင် ပထမဆုံး မိတ်ဆက်ခဲ့သည်။ ၎င်း voice call ဝန်ဆောင်မှုကို ဖုန်းအင်တာနက် အပြင် Wi-Fi သို့မဟုတ် 3G/4G တို့ အသုံးပြု ၍ နိုင်ငံရပ်ခြားသို့ အခမဲ့ဖုန်း ခေါ်ဆိုနိုင်မည် ဖြစ်သည်။ Whats App သုံးစွဲသူများသည် app နောက်ဆုံးဗားရှင်း update ပြုလုပ်ပြီးနောက် voice call feature ချက်ချင်းရရှိဦးမည် မဟုတ်ဘဲ လာမည့်ရက် သတ္တပတ် အနည်းငယ်အတွင်း voice call feature များကို ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း  Whats-App က ထုတ်ပြန်ထားသည်။ WhatsApp ၏ဗားရှင်းသစ်တွင် ချက်ချင်း အသုံးပြုနိုင်သည့် fea-ture များတွင် iOS 8 share extension ဖြစ်ပြီး အခြား app များမှဓာတ်ပုံ၊ ဗွီဒီယိုနှင့် link များကို ဝေမျှနိုင်သည်။ ထို့အပြင် Whats-App ၏ chat interface တွင် ကင်မရာခလုတ် ပါဝင်လာသလို app အတွင်းမှ contact များကို edit ပြုလုပ်နိုင်ကြောင်း သိရသည်။
ထို့အပြင် WhatsApp ၏ up-date သစ်တွင် တစ်ကြိမ်တည်းတွင် ဗွီဒီယို ဖိုင်များစွာကို ပေးပို့နိုင်သလို ပေးပို့မည့် ဗွီဒီယိုများကို ဖြတ်တောက်ခြင်းတို့ ပြုလုပ်နိုင်သည်။ iOS သုံးစွဲသူများ အနေဖြင့် App Store မှ WhatsApp နောက်ဆုံး ဗားရှင်းကို download ရယူနိုင်ပြီ ဖြစ်သည်။

Ref: MacRumors

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts