Saturday, June 20, 2015

အိုင်တီလုပ်ငန်း စတင် တည်ထောင်မည့်သူများ အတွက် ထောက်ပံ့ပေးရန်စီစဉ်


အိုင်တီလုပ်ငန်း စတင် တည်ထောင်မည့်သူများ အတွက် ထောက်ပံ့ပေးရန် အစီအစဉ် တစ်ရပ်ကို လက်ရှိ စတင် တည်ထောင်မည့် KanaungHub မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

"အဓိကကတော့ နည်းပညာကိုသုံးပြီး လုပ်ငန်းစမယ့် လုပ်ငန်းတစ်ခုဖြစ်ဖို့ လိုပါတယ်၊ ကုမ္ပဏီစပြီး တည်ထောင်မယ့်သူ၊ လုပ်ငန်း သေးသေးလေး လုပ်နေတဲ့ သူ ဖြစ်ဖို့ လိုပါတယ်၊ အဲဒီလိုလူတွေအတွက်ဒီ လုပ်ငန်း ပျိုးထောင် ပေးမယ့် အစီအစဉ် (Incubation Program) ကို ဆောင်ရွက်သွားမှာပါ" ဟု အဆိုပါ အစီအစဉ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ကိုရာဗီက ပြောသည်။ ယင်းအစီအစဉ်ကို ယခုနှစ်ကုန်ခန့်တွင် စတင်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ခွင့်ရသူများ အနေဖြင့် ရုံးခန်းများ၊ လိုအပ်သည်များကို အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ အခြား လုပ်ငန်းပိုင်း ဆိုင်ရာ လိုအပ်ချက်များကိုလည်း ထောက်ပံ့ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
"ဒီအစီအစဉ်မှာ ရွေးချယ်ခံရပြီဆိုရင် စီးပွားရေး ပတ်သက်တဲ့ ဗဟုသုတ၊ စွမ်းရည် လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးသွား မှာပါ"ဟု KanaungHub မှ ဦးအောင်ကျော်မိုးက ပြောကြားသည်။ အစီအစဉ်တွင် ပါဝင်ခွင့်ရသည့် လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍လည်း လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိဦးမည်ဖြစ်ကြောင်း၊ အိုင်စီတီ နည်းပညာနှင့် ပတ်သက်၍ စွန့်ဦးတီထွင် ဆောင်ရွက်နေသည့် လူငယ်များအားလုံးကို Incubation Program အတွက် ဖိတ်ခေါ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။  စွန့်ဦး တီထွင်စွမ်းဆောင်ရည် သင်တန်း၊ စီးပွားရေးစီမံခန့်ခွဲမှု သင်တန်း၊ ဘဏ္ဍာရေး ဗဟုသုတ သင်တန်းနှင့် တစ်ဦးချင်းစီအား အတိုင်ပင်ခံ လမ်းညွှန်မှုများကိုလည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အရှေ့တောင် အာရှနိုင်ငံတွေ မှာ ရှိတဲ့ Incubation စင်တာတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက် ပေးသွားမှာမို့ နိုင်ငံတကာက Incubation စင်တာတွေ နဲ့ ဆက်သွယ် အလုပ်လုပ်နိုင်မှာ ဖြစ်တယ်"ဟု တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုသာထက်ကလည်း ပြောကြားသည်။

Tags: 

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts