Saturday, June 20, 2015

အသစ်ထွက်မည့် iPhone တွင် Force Touch display နှင့် ပိုမိုခိုင်ခံ့သည့် အလူမီနီယံ ပါဝင်လာဖွယ်ရှိ


အသစ်ထွက်ပေါ်လာမည့် Apple ၏ iPhone တွင် Force Touch feature ပါဝင်လာဖွယ်ရှိကြောင်း KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူမှ ပြောကြားလိုက်သည်။
iPhone အသစ်တွင် Force Touch display ပါဝင်လာမည် ဖြစ်သောကြောင့် အဆိုပါထုတ်ကုန်သစ်သည် ယခင်ထက် ၀.၂ မီလီမီတာ ပိုထူလာနိုင်ကြောင်း ၎င်းက ဆိုခဲ့သည်။

Force Touch သည် သုံးစွဲသူက display ပေါ်တွင် နှိပ်လိုက်သည့် ဖိအားကို သိရှိနိုင်သောကြောင့် screen ကိုနှိပ်သည့် အားအပေါ်မူတည်ကာ ကွဲပြားခြားနားသော feature များကို အသုံးပြုနိုင်စေမည် ဖြစ်သည်။
ထို့အပြင် Apple သည် လက်ရှိတွင် Apple Watch Sport တွင် အသုံးပြုထားသည့် Series 7000 အလူမီနီယံကို iPhoe သစ်တွင် အသုံးပြုဖွယ်ရှိကြောင်းလည်း ကူက မှတ်ချက်ပြု ပြောကြားခဲ့သည်။
အဆိုပါ အလူမီနီယံသည် ပုံမှန်ထက် ၆၀ ရာခိုင်နှုန်း ပိုမိုခိုင်ခံ့မှုရှိသောကြောင့် iPhone 6 Plus ၏ bendgate ကဲ့သို့သော ပြဿနာ ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်မည်ဟု သိရသည်။
Ref: Mashable

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts