Saturday, June 20, 2015

Write Protect များကို Registry မှ ဖယ်ရှားရှင်းလင်းခြင်း


USB, SD Card အစရှိတာတွေမှာ ဖြစ်တတ်တဲ့ Write Protect ပြဿနာများကို Registry ကနေတစ်ဆင့် အလွယ်တကူနဲ့ ဖယ်ရှားရှင်းလင်း နိုင်မှာဖြစ်ပါတယ်။ Write Protect Button ပါဝင်တဲ့ USB Stick, SD Card တွေမှာ Write Protect ကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်ပေမယ့် ခလုတ်တွေ မပါဝင်တဲ့ Device တွေအတွက်ကတော့ Registry မှရှင်းလင်းမှသာ ရနိုင်မှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Run Box ကနေ regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Registry Editor ပွင့်လာမှာ ဖြစ်ပါတယ်။ Reigstry Editor ပွင့်လာပြီဆိုရင် ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားရမှာဖြစ်ပါတယ်။ Registry အတွင်း သွားရမယ့် လမ်းကြောင်းတွေကတော့ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies ဆိုတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။
အဆိုပါ Storage Device Policies အောက်ကို ရောက်ပြီဆိုရင် Write Protect ဆိုတဲ့ဖိုင်ကို Double Click ပြုလုပ်လိုက်ပါ။ တန်ဖိုးနေရာမှာ 1 ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ 0 ဆိုပြီး တန်ဖိုးသတ်မှတ် ပေးလိုက်ပါ ဒါဆိုရင် Write Protect ပြုတ်သွားမှာ ဖြစ်ပါတယ်။ ပြီးသွားရင် ကွန်ပျူတာကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ Storage Device Policies မရှိဘူးဆိုရင် မိမိဘာသာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ မိမိဘာသာ တည်ဆောက်ဖို့အတွက် New ကိုနှိပ်ပါ၊
ပြီးရင် Key ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ဖိုင်နာမည်ကိုတော့ Storage Device Policies ဆိုတဲ့ နာမည်ကို မမှားယွင်းရအောင် ဂရုစိုက်ပြီး ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့် ပြီးသွားရင် Write Protect File တည်ဆောက်ဖို့အတွက် New ကိုနှိပ်ပါ။ ပြီးသွားရင် DWORD 32bit
ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးသွားရင် Write Protect ဆိုတဲ့ အမည်ပေးပြီး တန်ဖိုးကို 0 အဖြစ် သတ်မှတ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ Command Prompt ထဲက အလုပ်လုပ်ချင်တယ် ဆိုရင်တော့ Command Prompt ကို Run Administrator Mode နဲ့ဖွင့်လိုက်ပါ။ ပြီးသွားရင် diskpart ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Diskpart လမ်းကြောင်းအောက် ရောက်သွားရင် list disk ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ကိုယ် Write Proect ဖယ်ရှားချင်တဲ့ Device  ကို ရွေးပေးရမှာ ဖြစ်တဲ့အတွက် select disk number ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Number နေရာမှာတော့ မိမိစက်မှာ ဖော်ပြထားတဲ့ Device ရဲ့ Number ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် attributes disk clear read only ဆိုတဲ့ Command ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဖယ်ရှားပစ်တဲ့အတွက် clean ဆိုတဲ့ Command ကို အသုံးပြုရမှာ
ဖြစ်ပါတယ်။ အားလုံးပြီးဆုံးသွားရင် Partition ကိုပြန်လည် တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် create partition primary ဆိုတဲ့ Command ကို အသုံးပြုပြီး Partition ကို ပြန်လည်တည်ဆောက် နိုင်ပါပြီ။ Partition တည်ဆောက်ပြီးရင် Format ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် format fs=ntfs ဆိုတဲ့ Command ကိုသုံးပြီး FAT 32 မှ NTFS သို့တစ်ခါတည်း ပြောင်းပြီး Format ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts