Wednesday, October 18, 2017

လူမှုကွန်ရက် အကောင့်တွေကို Two-Factor Authentication Set Up ပြုလုပ်ခြင်း

Social media platform ကိုလူတွေ ပိုမို တွင်ကျယ်စွာ အသုံးပြုလာတာနဲ့ အမျှ ကိုယ့်ရဲ့လူမှုကွန်ရက် အကောင့်တွေကို ခိုးယူမှုရန်က ကင်းဝေးစေဖို့အတွက် Two-Factor Authentication တွေကို ဖွင့်ပြီး သုံးစွဲသင့်ပါတယ်။ လူမှုကွန်ရက် အကောင့်တွေ မှာ Two-Factor Authentication တွေကို ဖွင့်ပြီး သုံးစွဲဖို့အတွက် လူသုံးများတဲ့ လူမှုကွန်ရက် တွေကိုတစ်ခုချင်းစီရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
Credit- Internet

Facebook
Facebook ဟာ လုံခြုံရေးအတွက် Hardware base နဲ့ Software base နှစ်မျိုးလုံးကို သုံးစွဲထားပါတယ်။ သုံးစွဲသူတွေ ဘက်က ကိုယ့်ရဲ့အကောင့်ကို လုံခြုံမှုရှိစေဖို့အတွက် software base ကနေ သုံးစွဲထားတယ်ဆိုရင် ရပါပြီ Facebook မှာ Two-Factor Authentication ကို set up လုပ်ဖို့အတွက် Facebook Settings ကိုသွားပါ။ Security and Login ကိုရွေးချယ်ပြီး Use two-factor authentication Turn on လုပ်ပေးရမှာဖြစ်ပါတယ်။

Google Plus
Google Plus ကို two-factor authentication နဲ့ အသုံးပြုမယ်ဆိုရင် http://bit.ly/2yrIbCx ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို နှိပ်ပါ။ ပြီးရင် Sign-in & Security ကိုရွေးချယ်ပြီး Password & Sign-in method ထဲမှာ 2-Step Verification ကို On ပေးနိုင်ပါတယ်။

Twitter
Twitter account ကို Two-Factor Authentication ကို set up လုပ်ဖို့အတွက် ဆိုရင် Twitter ကိုဖွင့်ပါ။ ပြီးရင် Profile ပုံကို နှိပ်ပြီး Settings and privacy ဆိုတာကိုရွေးပါ။ Account > Security > Login verification ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးပြီး two-factor authentication ကို စတင်အသုံးပြုနိုင်ပါတယ်။

Instagram
Instagram account မှာ Two-Factor Authentication ကို set up လုပ်မယ်ဆိုရင် Instagram account ကိုဖွင့်ပါ။ ပြီးရင် profile နေရာကို နှိပ်ပါ။ ပြီးရင် ဘေးနားမှာရှိတဲ့ စက်သွားပုံ icon ကို နှိပ်လိုက်ရင် Options ကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲကမှ Account > Two-Factor Authentication ဆိုတာကို နှိပ်ပြီး Require Security Code ဆိုတဲ့ toggle ကို ဖွင့်ပေးရပါမယ်။

Linkedln
Linkedln မှာ ကိုယ့်ရဲ့account ကို Two-Factor Authentication ကို enable လုပ်ဖို့အတွက် Profile ကို နှိပ်ပါ။ ပြီးရင် Settings & Privacy ကို နှိပ်ပါ။ ပြီးရင် အပေါ်ဘက်မှာရှိတဲ့ Privacy ဆိုတဲ့ tab ကိုရွေးချယ်ပြီး Security session ထဲက Two-step verifaction ဆိုတဲ့နေရာမှာ Turn on လုပ်ပေးရပါမယ်။

Snapchat
Snapchat မှာ Two-Factor Authentication ကို ထည်ဖို့အတွက်ဆိုရင် Profile ကို နှိပ်ပါ။ ပြီးရင်ညာဘက် အခြမ်းမှာရှိတဲ့ Settings icon ကို နှိပ်ပြီး Login verification ဆိုတာကိုရွေးချယ်ပြီး continue ကို နှိပ်ကာ sms ကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

Pinterest
Pinterest သုံးစွဲသူတွေအတွက်တော့ Account Settings ကို နှိပ်ပါ။ ပြီးရင် Security session အောက်က Enable Two-Factor Authentication ဆိုတဲ့နေရာမှာ Require code at login ဆိုတဲ့ toggle ကို enable လုပ်ပေးလိုက်ရင်ရပါပြီ။

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts