Friday, January 19, 2018

တစ်ကြိမ်တည်းနဲ့အမြစ်ဖြတ်မဲ့ ငှက်ဖျားရောဂါ ကုသဆေး



ငှက်ဖျားရောဂါဟာ ခြင်မှ တဆင့် ကူးဆက်ပြန့်ပွားတဲ့ရောဂါ ဖြစ်ပြီး အနောဖလိစ်ခြင်မမှတဆင့် ပြန့်ပွားပါတယ်။ လီဗာပူးလ်အပူပိုင်း ဒေသ ရောဂါများဆေးကျောင်းမှ သုတေသနအဖွဲ့က ငှက်ဖျားရောဂါ အတွက် တစ်ကြိမ်တည်းသောက်ရန် လိုအပ်တဲ့ဆေးကို ထုတ်လုပ်နိုင်ခဲ့ တယ်လို့ Nature communications ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါ တယ်။

 ယင်းနိုင်ငံပေါင်းစုံအဖွဲ့မှ ငှက်ဖျားရောဂါပျောက်ဆေး များ အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ မော်လီကျ; E209 ကို တွေ့ရှိခဲ့ပါ တယ်။ ယင်းမော်လီကျူးက ပထမဆုံး ဓာတုပစ္စည်းများမှတဆင့် ထုတ်လုပ် တဲ့ တစ်ကြိမ်တည်း သောက်ရုံနဲ့ ပျောက်ကင်းနိုင်တဲ့ ငှက်ဖျားရောဂါ ပျောက်ဆေး ဖြစ်နိုင်ခြေများလျက်ရှိပါ တယ်။ ယင်းမောလီကျူးက ငှက်ဖျား ရောဂါဖြစ်စေတဲ့ ပါရာဆိုက်ရဲ့ အာတီမီဆနင် (ငှက်ဖျားကုသ ဆေး) ဆေးယဉ်ပါးဗီဇ ဖြစ်ပေါ်စေတဲ့ အပိုင်းကို ထိထိရောက်ရောက် တိုက် ခိုက်နိုင်တယ်လို့ သုတေသနလုပ်စဉ် တွေ့ခဲ့ရပါတယ်။ ငှက်ဖျားရောဂါကို ထိန်းချုပ်အဆုံးသတ်ဖို့အတွက် ကောင်းမွန်တဲ့ ကုသရေးဗျူဟာတွေ လိုအပ်နေခဲ့ပါတယ်။ နှစ်ပေါင်း အတော်ကြာအထိ အာတီမစ်ဆနင် ဆေး အခြေပြုဆေးပေါင်းများကို အသုံးပြုပြီး ငှက်ဖျားရောဂါကို အံတု ခဲ့ပါတယ်။

Semi-Synthetics (ဓာတု ပစ္စည်းတစ်ဝက်- သဘာဝပစ္စည်း တစ်ဝက်) ဖြင့် ဖော်စပ်ထားသော ဆေးပေါင်းတွေက ငှက်ဖျားကုသမှု အပေါ် ကြီးမားတဲ့ အကျိုးသက် ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝဓာတုပစ္စည်းချည်းသုံးပြီး ထုတ်လုပ်ထားတဲ့ ငှက်ဖျားကုသဆေး ကိုတော့ ရှာဖွေဆဲဖြစ်ပြီး ဆယ်စုနှစ် တစ်စုကျော် ကြာခဲ့ပါတယ်။ ယင်း ကာလအတွင်း တစတစ ကြီးထွား လာတဲ့ ပြဿနာကတော့ လက်ရှိသုံး စွဲနေတဲ့ ဆေးပေါင်းတွေကို ယဉ်ပါး လာပြီး၊ ကုသမှုကျရှုံးခန်းဆီ ဦးတည် လာတာပါပဲ။ ယင်းအတွက်ကြောင့်ပဲ သုတေသီတွေက ပါရာဆိုက်ရဲ့ ဆေး ယဉ်ပါးမှုကို ဖြစ်ပေါ်စေတဲ့ ဗီဇဖြစ် ပေါ်မှုကို အဓိကတိုက်ခိုက်ပေးနိုင်ပြီး အာနိသင်လည်း မြန်မြန်ရမဲ့နည်း လမ်းကို ရှာဖွေခဲ့ကြပါတယ်။ မော်လီ ကျူး သုတေသနကို နက်နက်နဲနဲ လုပ်ပြီးတဲ့နောက်မှာ လက်ရှိ ဆေး အာတီမစ်ဆနင်ကို ယဉ်ပါးစေမှု ဖြစ်စေတဲ့ K 13 ဗီဇကို တွေ့ခဲ့ကြ ပါတယ်။ E 209 က K13 ဗီဇပြောင်း လဲနေတဲ့ ပါရာဆိုက်တွေကို တိုက် ခိုက်နိုင်ရုံသာမက အာတီမစ်ဆနင် ဆေးရဲ့ ဖျက်ဆီးနိုင်စွမ်းကိုလည်း မနှောင့်ယှက်တာကို တွေ့ရပါတယ်။ ဒါကြောင့် သုတေသီတွေက E 209 ဟာ ဒုတိယမျိုးဆက် ပါအောက်ဆိုဒ် အခြေပြုဆေးဖြစ်ပြီး လက်ရှိ အကောင်းဆုံး အာတီဆူးနိတ်ကုထုံး ထက် ထူးထူးခြားခြား ပိုပြီး သက် ရောက်မှုကောင်းစေတယ်လို့ ဆိုခဲ့ပါ တယ်။

ဖိုးသောကြာ
Health Updates Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts