Friday, January 19, 2018

ပြည်တွင်းရောက် Smart Watch များ


Diar Bluetooth Bracelet

Bluetooth Bracelet များကို စိတ်ဝင်စားကြသော လူငယ်များအတွက် Diar Bluetooth ဖြစ်သည်။ အဆိုပါ Smart  အနေဖြင့် ဒီဇိုင်းသေသပ် လှပကာ အသုံးပြုပုံ လွယ်ကူပြီး အလွယ်တကူ ဝတ်ဆင် အသုံးပြု နိုင်သည်။ Function အနေဖြင့် Phone, Message, Pedometer, Music Player, Alarm, Anti-lost Alarm စသည့် Function များပါဝင်သည်။ Anti-lost Alarm စနစ်အနေဖြင့် မိမိဖုန်းဖြင့် ချိတ်ဆက်ထားပါက ဖုန်းနှင့် ၁၅ မီတာ ဝေးကွာသွားပါက Alarm စနစ်အော်မည် ဖြစ်သည့်အတွက် ဖုန်းပျောက်ရှခြင်းကို ကာကွယ်ပေးမည် ဖြစ်သည်။ ဈေးနှုန်း- ၄၀,၀၀၀ ကျပ်ဖြင့် 8 Ray Mobile ဖုန်း-၀၉ ၅၁၁၄၁၇၀ တွင်ဆက်သွယ် စုံစမ်းနိုင်သည်။

Galaxy Gear 2 (Clone)

ဈေးကွက်ထဲသို့ Galaxy Gear 2 (Clone) ဝင်ရောက်လာပါတယ်။ အဆိုပါ Smart နာရီကို Android နှင့်သာမက i- Device များဖြင့်လည်း တွဲဖက်အသုံးပြု နိုင်ပါသည်။ Function များအနေဖြင့် phone, message, pedometer, music player, calendar, Sound record,Video record, Alarm, calculator, sleep monitor, Anti lost Alarm တို့ ပါဝင်ပြီး Anti lost Alarm စနစ်မှာ မိမိဖုန်းအား တနေရာတွင် ကျန်ခဲ့ပါက အချက်ပေးသံ ထွက်ပေါ်ပေးမည် ဖြစ်သည်။ နာရီပုံစံများအား မိမိနှစ်သက်သည့် ပုံစံပြောင်းလဲ အသုံးပြုနိုင်သည်။ ဖုန်းအနေဖြင့်လဲ အသုံးပြုနိုင်မည်ဖြစ်ပြီး MPT နှင့် Telenor Simcard များ အသုံးပြုနိုင်ကာ Internet အသုံးပြုနိုင်မည် ဖြစ်သည်။ Internal momery မလုံလောက်ပါက 16GB ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဈေးနှုန်း-  ကျပ်ဖြင့် 8Ray Mobile ဖုန်း- ၀၉ ၅၁၁၄၁၇၀ တွင် ဝယ်ယူနိုင်ပါသည်။
U8 Smart Watch

ဒီဇိုင်းအနေနှင့်ရော အရောင်အနေဖြင့်ပါ နှစ်သက်စရာ ကောင်းလှသည့် U8 Smart Watch ဖြစ်သည်။ Bluetooth စနစ်ဖြင့် မိမိ Smart Phone ကို ချိတ်ဆက် အသုံးပြုနိုင်ပြီး ပါဝင်သည့် Function များအနေဖြင့် Phone, Message, Music Player, Pedometer, Anti Lost Alarm စနစ်တို့ ပါဝင်မည်ဖြစ်ပြီး SimCard ထည့်သွင်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ဈေးနှုန်း- ၄၂,၀၀၀ ကျပ်ဖြင့် 8 Ray Mobile ဖုန်း-၀၉ ၅၁၁၄၁၇၀ တွင် ဆက်သွယ် စုံစမ်းနိုင်မည်။
Xiaomi Band Fitness Tracker

မိမိ၏ တစ်နေ့တာ ခြေလှမ်းတိုင်း၊ ထိုင်ထပြုလုပ်ခြင်း၊ ကြိုးခုန်ခြင်း၊ မည်သည့် အချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်ကြောင်း သိရခြင်း၊ နှိုးစက်ပေးခြင်း စသည့် တစ်နေ့တာ လှုပ်ရှားမှုတိုင်းကို မှတ်သားပေးနိုင်မည့် Mi အမှတ်တံဆိပ် Band Fitness Tracker ဖြစ်သည်။ iOS ဖုန်းများ၊ Android version 4.4 နှင့် အထက်ဖုန်းများဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး ဘက်ထရီကို တစ်လလျှင် တစ်ကြိမ်သာ အားသွင်း ရမည်ဖြစ်သည်။ အားသွင်းနိုင်ရန်အတွက် USB Cable တစ်ခု ပါဝင်မည်ဖြစ်သည်။ ရေစိုခံ လက်ပတ်အမျိုးအစားဖြစ်ပြီး 13g အလေးချိန်သာ ရှိမည်ဖြစ်သည်။ မည်သည့်ခလုတ်မှ မပါဝင်ပဲ အဆိုပါလက်ပတ်၏ LED Screen ပေါ်တွင် အချက်ပြမီး ၃ ခုသာ ပါဝင်လာမည်ဖြစ်သည်။ တန်ဖိုး ၁၉,၅၀၀ ကျပ်ဝန်းကျင်ဖြင့်  My Mi Myanmar Online Store ဖုန်း-၀၉ ၉၇၀၇ ၀၇၈၈၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။
Pebble Smart Watch

Android နှင့် iOS မည်သည့် Devices ဖြင့်မဆို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည့် Bluetooth 4.0 စနစ်သုံး Pebble Smart Watch ဖြစ်သည်။ LED Display မှ တစ်ဆင့် မိမိထံသို့စာလာခြင်း၊ e-mail လက်ခံခြင်း၊ Alarm ပေးရန်နှင့် သီချင်းများ နားထောင်နိုင်ရန်အတွက် အမိန့်ပေး ခိုင်းစေ ခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ရေစိုခံ အမျိုးအစားဖြစ်ပြီး ဘက်ထရီကို ၅/၇ ရက်အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ အရောင်အနေဖြင့် အဖြုရောင်တစ်မျိုးသာ ရရှိမည်ဖြစ်ပြီး တန်ဖိုး ၁၉၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် m-Drive အရောင်းဆိုင် ဖုန်း-၀၉ ၇၃၂၀ ၃၂၉၅ တွင်ဝယ်ယူနိုင်မည် ဖြစ်သည်။
Gear S Smart Watch

Samsung မှ နောက်ဆုံး ထွက်ရှိလာသည့် Gear S Smart Watch ဖြစ်သည်။ အဆိုပါ Smart Watch ကို Android Version 4.0 နှင့် အထက်ရှိသည့် စမတ်ဖုန်းများနှင့် တွဲဖက်အသုံးပြုနိုင်မည့် အပြင် သီးသန့် Sim Card ထည့်၍လည်း စမတ်ဖုန်း တစ်လုံးကဲ့သို့ အသုံးပြု နိုင်မည်ဖြစ်သည်။ Dual Core အမျိုးအစားဖြစ်ပြီး RAM 512 MB နှင့် Internal Memory 4GB အထိပါဝင်မည်ဖြစ်သည်။ ဖုန်းအဝင်လက်ခံခြင်း၊ e-mail လက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ၊ သီချင်းနားထောင်ခြင်းများ ပြုလုပ် နိုင်မည်ဖြစ်ပြီး 300mAh Li-ion အမျိုးအစား ဘက်ထရီကို အသုံးပြုထားသည်။ အဆိုပါ Smart Watch ကို တန်ဖိုး ၃၂၃,၀၀၀ ကျပ်ဝန်းကျင်ဖြင့် Samsung Showroom များတွင် ဝယ် ယူနိုင်မည်ဖြစ်သည်။
SONY Smart Watch 2

Android version 4.0 နှင့်အထက်ရှိသည့် စမတ်ဖုန်းများအတွက်  ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည့် Bluetooth 3.0 စနစ်သုံး SONY Smart Watch 2 ဖြစ်သည်။ LED Display မှတစ်ဆင့် မိမိထံသို့ စာလာခြင်း၊ e-mail လက်ခံခြင်း၊ Alarm ပေးရန်နှင့် သီချင်းများ နားထောင်နိုင်ရန်အတွက် အမိန့်ပေးခိုင်း စေခြင်းများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘက်ထရီကို တောက်လျှောက် အသုံးပြုမည်ဆိုပါက ၇ ရက်အထိ အသုံးခံနိုင်မည် ဖြစ်သည်။ အားသွင်းနိုင်ရန်အတွက် micro USB တစ်ပေါက် ပါဝင်လာမည် ဖြစ်သည်။ ရေစိုခံ အမျိုးအစားဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်တစ်မျိုးသာ ရရှိမည်ဖြစ်သည်။ အဆိုပါ SONY Smart Watch 2 ကို တန်ဖိုး ၁၄၅,၀၀၀ ကျပ်ဝန်းကျင်ဖြင့် Sony အရောင်းပြခန်းများ ဖြစ်သည့် (မြေနီကုန်း၊ လှည်းတန်း၊ လသာ) ဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။
Apple watch
Apple watch မှာ ၃၈ မီလီမီတာ နှင့် ၄၂ မီလီမီတာ ဗားရှင်းနှစ်မျိုးဖြင့် ၀င်ရောက်လာပါသည်။ ကိုယ်ထည်အနေဖြင့် Aluminum  silver, Stainless steel , Space black stainless steel, ၁၈ ကာရက် rose gold case, ၁၈ ကာရက် yellow gold case ဟူ၍၀င်ရောက်သည်။ ကြိုးများအနေဖြင့် Sport band, Buckle, Leather, Loop,Bracelet ဆိုပြီး ၀င်ရောက်လာသည်။ စုစုပေါင်းမော်ဒယ် ၃၉ မျိုး ရှိသည့်အတွက် ၀ယ်ယူသူများအနေဖြင့် ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်သည်။ ဈေးကွက်အတွင်းရှိ ရောင်းချသူများအနေဖြင့် model အစုံထားရန် မလွယ်ကူကြောင်း သိရသည်။ Apple watch မှာ global market တွင် အောင်မြင်သည့် အနေအထားဟု ပြောရမည်ဖြစ်သလို ဈေးကွက်အတွင်း တွင်လည်း walk-in customers များကို ရှိသည့်ပစ္စည်းကိုပဲ ယူရမည့် အခြေအနေထိ ရောင်းချခဲ့ရသည်ဟု သိရသည်။ Preorder များ အနေဖြင့် စိတ်ကြိုက် model ရရှိနိုင်ပြီး ၄၂ မီလီမီတာကို အမေးများကာ ပစ္စည်းမှာလည်း ရှားပါးကြောင်း သိရသည်။ Bracelet ကြိုးများကို အမေးများသလို black, space black colors တွေကို ပိုမေးကြသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ ကြိုးအား hole ပါသော အခြမ်းကို အပိုထည့်ပေးထားသလို  ကြိုးအဆစ်များမှာ အဖြုတ်၊ အတပ် လွယ်ကူသည့်အတွက် အဆင်ပြေသည်။ loop cable မှာလည်း magnet နှင့်ဖြစ်သည်။ Global black market တွင် iPhone များ ထွက်ခါစလို ဈေးများပြီး ပုံမှန်ဈေး ရောက်ရန်အတွက် အချိန်နည်းနည်း စောင့်ရနိုင်မည်ဖြစ်သည်။ Apple watch တွင် Heart rate တိုင်းတာပေးမှုများ မှာကျန်းမာရေးအတွက် record ဖြစ်သည့်အတွက်ကြောင့် အကျိုးရှိနိုင်မည် ဖြစ်သည်။ ဖုန်းပြောဆိုမှုအတွက် Bluetooth နှင့် Ping ပြီးပြောခြင်း ဖြစ်သည့်အတွက်ကြောင့် အသံကြည်လင်မှု ရှိမည်ဖြစ်သည်။ Apple watch မှာ အသုံးပြုသူများ၏ life style ကို ပြောင်းပေးနိုင်မည်လား ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်။ ဖုန်း-၀၁-၃၉၈၁၉၉,၀၁-၇၁၀၇၅၂ တွင် ဆက်သွယ် စုံစမ်းနိုင်သည်။






Smart Watch အပေါ် သူတို့အမြင်
ကိုအောင်ပြည့်စုံ
Marketing
Alpha Technolagy&Communication  Marketing


အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေ အမျိုးမျိုးထွက်ရှိ လာသလို Smart Watch တို့ Smart Band တို့လည်း အများအပြား ထွက်ရှိလာပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အကုန်လုံးလိုလို သူဟာနဲ့သူတော့ ကောင်းကြတာချည်းပါပဲ။ ကျွန်တော်တို့လို လူငယ်တွေ အတွက်လဲ စမတ်ကျကျ ဝတ်ဆင်နိုင်သလို အလုပ်အရမ်းများတဲ့ သူတွေ အတွက်လဲ ဖုန်းကိုတကူးတက ကိုင်စရာမလို တော့တဲ့အတွက် အရမ်းကို အဆင်ပြေ လိမ့်မယ်လို့ ထင်ပါတယ်။ Apple တို့ Samsung တို့က ထုတ်တဲ့ Smart Watch တို့ကလည်း တကယ်ကောင်းပါတယ်။ သုံးစွဲသူတွေ အတွက်လည်း တော်တော် အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော်လက်ရှိ ဝတ်ဆင်ထားတာကတော့ Sony ထုတ်ကုန်တစ်ုဖြစ်တဲ့ Smart Watch 2 ကို ဝတ်ဆင်ထားတာပါ။ သူကရေစိုခံ အမျိုးအစားလေ။
ကိုမြတ်ကိုအေး
8 Ray Mobile


Smart နာရီအများစုကို ဒီနေ့ခေတ်မှာတော့ ကားသမားတွေ၊ ပြီးတော့စီးပွားရေး လုပ်ငန်းရှင်တွေ ပတ်ကြတာ များပါတယ်။ ကားသမားတွေ အတွက်ကတော့ ကားမောင်းရင်း ဖုန်းလာရင်ဒီ Smart နာရီကနေဘဲ အလွယ်တကူ ပြောလို့ရတဲ့အတွက် ကားနဲ့ပတ်သတ်တဲ့ အန္တရာယ်တွေကို ကင်းစေပါတယ်။ စီးပွားရေး သမားတွေကျတော့လည်း လုပ်ငန်းခွင်ထဲမှာ စမတ်ကျကျနဲ့ ယုံကြည်မှုရှိရှိနဲ့ အလုပ်လုပ်လို့ ရတာပေါ့။ ပြီးတော့ စီးပွားရေးသမားအများစုက ဖုန်းကိုနှစ်လုံးလောက်က အနဲလေး ကိုင်ကြတာလေ။ အဲ့ဒီတော့ ကိုယ်တိုင်သုံးတဲ့ဖုန်းနဲ့ လုပ်ငန်းသုံးတဲ့ဖုန်း ခွဲခြားထားလို့ ရသွားတာတယ်။ နောက်လူငယ်တွေလဲ ဖန်စီကျကျလေး ဖြစ်အောင် Smart နာရီတွေကို ပတ်လာကြပါတယ်။ လူငယ်တွေ အနေနဲ့ကတော့ အရောင်တောက်တောက် လေးနဲ့ဆွဲဆောင်မှုရှိတဲ့ အရောင်တွေကို ရွေးချယ်လာကြပါတယ်။
မနွေးနွေးအောင်
Sale Manager
NEOTECH


ဝယ်သူတွေ ထဲမှာတေ့ Apple crazy တွေက ပိုများပြီး နာရီ crazy ဖြစ်သူတွေ အတွက်တော့ display အမျိုးမျိုးပြောင်းသုံး နိုင်ပါတယ်။ အများစုကတော့ လူလတ်ပိုင်းတွေဘဲ ပိုများပြီး ခေတ်မီတဲ့ သက်ကြီးပိုင်းတွေလည်း လာဝယ်ကြပါတယ်။ iPhone တွေနဲ့တွဲပြီး သုံးတဲ့အခါ Apple pay လိုမျိုး သုံးစွဲမှု့မှာပိုပြီး smart ဖြစ်လာပါတယ်။ ဖုန်းခဏခဏ ထုတ်ပြီးနာရီ ကြည့်ရတာထက် ပိုအဆင်ပြေပါတယ်။ iPhone ကို tripod သုံးပြီး ဓာတ်ပုံရိုက် သူတွေအတွက် ပိုပြီးအကျိုးရှိ စေပါတယ်။

Credit-Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts