Friday, July 20, 2018

မႏၱေလးၿမိဳ႕တြင္ Pitch Bootcamp ျပဳလုပ္မည္

[ Zawgyi ]
နည္းပညာလုပ္ငန္းတစ္ခုကို စတင္လုပ္ကိုင္ခ်င္သူေတြအတြက္ Phandeeyar နဲ႔ MCIA တို႔ပူးေပါင္းၿပီး Pitch Bootcamp ကို ဇူလိုင္ ၂၈ နဲ႔ ၂၉ ရက္မွာ မႏၱေလးၿမိဳ႕၊ ရတနာပံုစူပါစင္တာမွာရွိတဲ့ ICT Park မွာ ျပဳလုပ္သြားမယ္လို႔သိရပါတယ္။
Pitch Bootcamp မွာ Startup လုပ္ငန္းတစ္ခုကို စတင္လုပ္ကိုင္ပံု၊ လုပ္ငန္းကို ရင္းႏွီးျမႇဳပ္ႏွံသူေတြထံ ေျပာျပရွင္းျပပံုကို သင္ၾကားျပသ ေပးသြားမွာျဖစ္ပါတယ္။ ပြဲအတြင္း အေကာင္းဆုံး Pitch (တင္ျပမႈ) ကို ဖန္တီးရာ Accelerator ရဲ႕ Pitch Day အတြက္ ေ႐ြးခ်ယ္ ခံရမယ္လို႔သိရပါတယ္။ Phandeeyar Accelerator ကေရြးခ်ယ္ခံရသူကို ေဒၚလာ ၂၅,၀၀၀ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဖန္တီးရာမွာ ႐ုံးခန္းအတြက္ ေနရာ၊ အက်ိဳးတူ ပူးေပါင္းပါဝင္ထားသူေတြဆီကေန ေဒၚလာ ၂၀၀,၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ဝန္ေဆာင္မႈေတြ ရရွိမယ့္အျပင္ ထုတ္ကုန္ ဒါမွမဟုတ္ ဝန္ေဆာင္မႈကို ပိုမုိတိုးတက္ေအာင္ျမင္ၿပီး အက်ိဳးအျမတ္ ပိုမိုျဖစ္ထြန္းေအာင္ ျပည္တြင္းနဲ႔ ျပည္ပရွိ နည္းျပ ၄၀ ေက်ာ္တို႔ရဲ႕ ေျခာက္လတာၾကာျမင့္မယ့္ လမ္းၫႊန္ျပသမႈေတြကိုလည္း ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ျပည္ပက ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ေတြ႕ဆုံခြင့္ကိုလည္း ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီေနရာမွာ စာရင္းေပးသြင္း တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။
-ေကာင္းျမတ္ထြန္း

[ Unicode ]
နည်းပညာလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ချင်သူတွေအတွက် Phandeeyar နဲ့ MCIA တို့ပူးပေါင်းပြီး Pitch Bootcamp ကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှာ မန္တလေးမြို့၊ ရတနာပုံစူပါစင်တာမှာရှိတဲ့ ICT Park မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
Pitch Bootcamp မှာ Startup လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ပုံ၊ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံသူတွေထံ ပြောပြရှင်းပြပုံကို သင်ကြားပြသ ပေးသွားမှာဖြစ်ပါတယ်။ ပွဲအတွင်း အကောင်းဆုံး Pitch (တင်ပြမှု) ကို ဖန်တီးရာ Accelerator ရဲ့ Pitch Day အတွက် ရွေးချယ် ခံရမယ်လို့သိရပါတယ်။ Phandeeyar Accelerator ကရွေးချယ်ခံရသူကို ဒေါ်လာ ၂၅,၀၀၀ ရင်းနှီးမြှုပ်နှံမှု၊ ဖန်တီးရာမှာ ရုံးခန်းအတွက် နေရာ၊ အကျိုးတူ ပူးပေါင်းပါဝင်ထားသူတွေဆီကနေ ဒေါ်လာ ၂၀၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတွေ ရရှိမယ့်အပြင် ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ပိုမိုတိုးတက်အောင်မြင်ပြီး အကျိုးအမြတ် ပိုမိုဖြစ်ထွန်းအောင် ပြည်တွင်းနဲ့ ပြည်ပရှိ နည်းပြ ၄၀ ကျော်တို့ရဲ့ ခြောက်လတာကြာမြင့်မယ့် လမ်းညွှန်ပြသမှုတွေကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံခွင့်ကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေရာမှာ စာရင်းပေးသွင်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။
-ကောင်းမြတ်ထွန်း

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts