အမေးအဖြေပုံစံ ရေးသားဖော်ပြပေးလိုက်ပါတယ်။
၁။ကျွန်မအရပ်က
ငါးပေ ၂လက်မပါ။ ခုနောက်ပိုင်း ကောင်မလေးတွေ ပြန်ဝတ်လာတဲ့ တစ်ဆက်တည်း
jumpsuit လိုဟာမျိုးတွေ ၀တ်ချင်ပေမယ့် အဲ့ဒါမျိုးတွေ ၀တ်ရင်
အားလုံးအမြင်မှာ ဟာသဖြစ်နေမှာ စိုးလို့ ဘယ်လို ၀တ်ရမလဲဆိုတာ
အကြံဥာဏ်ပေးပါဦး။
ဟာသမဖြစ်အောင် ကိုယ်ဝတ်မယ့် jumpsuit က
ကိုယ်နဲ့ကွက်တိဖြစ်တာကို ရွေးပါ။ နည်းနည်းပွတာမျိုးတွေ အောက်ကားနေတဲ့
jumpsuit မျိုးတွေ မ၀တ်မိပါစေနဲ့။ ဖြစ်နိုင်ရင် စက်ချုပ်ဆိုင်မှာအပ်ပြီး
ဝတ်ပါ။ တိုတာက ကိစ္စမရှိပါဘူး။ ခြေထောက်ပေါ်လေ ပိုကောင်းလေပါပဲ။
မတိုမရှည်တွေကသာ ကိုယ့်အရပ်ကို ပိုပုသယောင် ဖြစ်သွားစေတာပါ။
၂။ဒေါက်မြင့်တွေ မစီးပဲ အရပ်ရှည်သယောင်ယောင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။
ဒါဆိုရင်
ဖိနပ်အပါးလေးတွေကိုမှ ခြေဖမိုးမှာ ကြိုးခပ်များများပါတဲ့ ဒီဇိုင်းမျိုး
ရှာစီးပါ။ ကာလာကိုတော့ အနုလေးတွေပဲ ရွေးစီးသင့်ပါတယ်။ အဓိကကတော့
ခြေထောက်တွေ ပိုရှည်သယောင်ဖြစ်စေမယ့် ဖိနပ်မျိုးကို ရှာရမှာပါ။
၃။စကတ်ဝတ်တဲ့အခါ ဒူးကျော်ကျော်လောက်ရှိတဲ့ midi စကတ်တွေကို ၀တ်ရင်ရော ဘယ်လိုမျိုးဆို အဆင်ပြေလိမ့်မလဲ။
Midi
စကတ်တွေက ဒူးကျော်ကျော်ဖြစ်နေတဲ့အတွက် ခြေထောက်ပေါ်ဖို့ကလည်း
သိပ်မလွယ်တော့ဘူး။ ဒီတော့ ခါးကောက်ကြောင်းကို ပြန်အသားပေးရပါလိမ့်မယ်။ Midi
စကတ်တွေကို ခါးအတို အင်္ကျံလေးတွေနဲ့ တွဲဝတ်ပါ။
၎။ဘောင်းဘီရှည်၊ အင်္ကျံလက်ရှည်တွေကရော အရပ်ပုတဲ့သူတွေအတွက် သင့်တော်ပါ့မလား။
ဖြစ်နိုင်မယ်ဆိုရင်တော့
သိပ်ပွလွန်းတဲ့ အင်္ကျံ၊ ခပ်ပွပွဘောင်းဘီမျိုးတွေ ရှောင်ဝတ်ပါ။
အင်္ကျံလက်ဆိုရင်လည်း အရှည်ဆိုတာထက် ပြန်ခေါက်ပြီး ၀တ်သင့်ရင် ၀တ်ရမှာပေါ့။
ဘောင်းဘီကိုတော့ fit size တွေပဲ ရှာဝတ်ပါ။ အတိုဆိုရင်လည်း စကောစက ကွာတာတွေ
မ၀တ်ပါနဲ့။ လုံးအ၀အတို မဟုတ်ရင် အရှည်က အကောင်းဆုံးပါပဲ။ စကတ်ဆိုရင်လည်း
ဒူးအထက်တွေက ပိုလိုက်ဖက်ပါတယ်။ လက်ပြတ်တွေ၊ လက်တိုတွေကတော့ အရပ်ပုသူတွေ
ရွေးချယ်သင့်တဲ့ အရာတွေပေါ့။Ref:cosmopolitan.com
credit-Trend
No comments:
Post a Comment