Wednesday, October 18, 2017

Bloatware တွေကိုဘယ်လို Disable လုပ်မလဲ


Samsung ဖုန်းအချို့မှာ Bloatware လို့ခေါ်တဲ့ Built-in app များစွာပါဝင်လာပါ တယ်။ အဲဒီလို Built-in app တွေ ကို Disable လုပ်မယ်ဆိုရင်တော့ ဖုန်းမှာ Root လုပ်ထားမှသာ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့်နည်းကတော့ ဖုန်းကို Root လုပ်စရာမလိုဘဲ Third party app သုံးပြီး Bloatware တွေကို Disable နိုင် မှာဖြစ်ပါတယ်။

ကန်ဒေါ်လာ ၁.၄၉ ပေးရတဲ့ Package Disabler Pro app ကို သုံးပြီး error ကင်းကင်းနဲ့ Bloat-ware တွေကို ခလုတ်တစ်ချက်နှိပ် Disable လုပ်နိုင်မှာဖြစ်ပါတယ်။ Bloatware တွေကို ရှင်းလင်းပြီး ဖုန်းရဲ့ RAM အသုံးပြုမှုလျော့ချ နိုင်မှာဖြစ်ပါတယ်။
အရင်ဆုံး Bloatware Remover ဖိုင်ကို Download ပြု လုပ်ရမှာဖြစ်ပါတယ်။ အဲဒီ အတွက် Bloatware တွေကို အလိုအလျောက် disables လုပ်ပေးတဲ့ Package Disabler Pro ရဲ့ XML ဖိုင်ကို Download လုပ်ဖို့ လိုအပ်မှာပါ။ အောက်ဖော် ပြပါ လင့်ခ်ကနေ Bloatware-remover.xml ဖိုင်ကို Download လုပ်ပါ။
http://www.mediafire.com/file/pdi5o6eq1wfbsj4/bloatware-remover.xml
နောက်ထပ်လိုအပ်တဲ့ policedeveloper က ဖန်တီးထားတဲ့ Package Disabler Pro app ကို ဖုန်းထဲကို Install လုပ်ရမှာဖြစ်ပါတယ်။ ဒီ App ကို PlayStore ကနေ Download ပြုလုပ်နိုင်မှာဖြစ်သလို အောက်ကလင့်ခ်ကနေ ရယူနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.ospolice.packagedisablerpro
ပြီးရင်တော့ Package Disabler Pro အတွက် add-on app ဖြစ်တဲ့ PDP Engine Plugin app ကို install ပြုလုပ် ရမှာဖြစ်ပါတယ်။ ဖော်ပြပါလင့်က်နေရယူနိုင် ပါတယ်။
https://play.google.com/store/apps/details?id=com.mlsplit.samsungservice

ခုလိုအပ်တဲ့ App တွေ၊ ဖိုင် တွေ ဖုန်းမှာထည့်သွင်းပြီးပြီဆိုရင် တော့ Bloatware တွေကို Disable လုပ်နိုင်ပြီဖြစ်ပါတယ်။ Package Disabler Pro ကိုဖွင့်ပြီးရင်တော့ ညာဘက် အပေါ် ထောင့်နားက menu icon ကို ထပ်နှိပ်ပါ။ ပြီးရင်တော့ Import from xml ဆိုတာကိုရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Select ခလုတ်ကို နှိပ်ပါ။ ပြီး ရင်တော့ Download လုပ်ထားတဲ့ xml ဖိုင်ကို ရွေးဖို့အတွက် Download ဖိုင်ကို နှိပ်ဖွင့်လိုက်ပါ။ ပြီးရင်တော့ bloatware-remover.xml ဖိုင်ကို ရွေးပေးရ မှာဖြစ်ပါတယ်။

XML ဖိုင်ကို ရွေးပြီးရင်တော့ Import ခလုတ်ကို နှိပ်ပါ။ အဲဒါဆို ရင်တော့ Disable – 122 packages ဆိုတဲ့ စာသားပေါ်လာ မှာဖြစ်ပြီး OK နှိပ်လိုက်ပါ။ ဒါဆို ရင်တော့ အလိုအလျောက် bloat-ware app ၁၂ဝ ကျော်ကို Disable လုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ App ကို ပိတ်ပြီး ဖုန်းကို Rreset လုပ်လိုက်ပါ။ များပြားလှတဲ့ S8 ရဲ့ Bloatware တွေကို Disable လုပ်လိုက်ပြီ ဖြစ်တဲ့အတွက် ဖုန်းရဲ့ RAM အသုံးပြုမှုကို လျော့ချနိုင်ပြီး ဖုန်းစွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးမြှင့်လာစေမှာပဲ ဖြစ်ပါတယ်။
-ကိုသက်

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts