Friday, January 19, 2018

သူငယ်ချင်းတွေနဲ့ ဗီဒီယိုအတူတူ ကြည့်နိုင်မယ့် Watch Party feature သစ်ကို Facebook စမ်းသပ်နေ


Group တွေမှာ အဖွဲ့ဝင်တွေနဲ့ ဗီဒီယိုအတူတူ ကြည့်နိုင်သလို comment တွေ အပြန်အလှန်ရေးသားနိုင်မယ့် Watch Party feature သစ်ကို Facebook က စမ်းသပ်နေပါတယ်။ Watch Party မှာ group admin တွေက ဘယ် public Facebook ဗီဒီယိုကိုမဆို ရွေးချယ်ပြီး အဖွဲ့ဝင်တွေကို ပြသပေးနိုင်ပါတယ်။ ရည်ရွယ်ချက်က ဗီဒီယိုတွေကို ပျော်ရွှင်စွာ ကြည့်ရှုနိုင်စေဖို့အတွက်ဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Watch Party တစ်ခု စတင်ဖို့အတွက် group moderator တွေက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ဗီဒီယိုတွေကို ရွေးချယ်ပြီး group ထဲမှာ တင်ထားနိုင်ပါတယ်။ Party တစ်ခုစတင်တဲ့အခါ အဖွဲ့ဝင်တွေက Watch Party widget ကို group page ပေါ်မှာ တွေ့မြင်ရပါမယ်။ Party ထဲ ဝင်ရောက်လိုက်တဲ့အခါမှာတော့ ဗီဒီယိုကို အခြားသူတွေနဲ့ အတူတကွကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ်ပြသမယ့် ဗီဒီယိုတွေကိုလည်း အဖွဲ့ဝင်တွေက အစဉ်လိုက် မြင်တွေ့ရမှာဖြစ်ပါတယ်။ မိုဘိုင်းထုတ်ကုန် တစ်ခုပေါ်ကနေ ဗီဒီယိုကြည့်မယ်ဆိုရင် group member တွေရဲ့ comment တွေကို ဗီဒီယိုအပေါ်မှာထပ်ပြီး ပြသပေးမှာဖြစ်ပါတယ်။ Desktop ပေါ်ကနေ ကြည့်တဲ့အခါမှာတော့ comment တွေကို ဗီဒီယိုရဲ့ ညာဘက်ခြမ်းမှာ ပြသပေးပါလိမ့်မယ်။
ဒီသတင်းဟာ Facebook က News Feed မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေပြုလုပ်မယ်လို့ ကြေညာပြီး တစ်ပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Credit- Internet Journal

No comments:

Post a Comment

Asia Business Gate Way, MOD

PaidVerts